Loading the player...


INFO:
စစ်မှုထမ်းတပ်သားသစ်များကို ရှေ့တန်းတွင် အဓိက တိုက်ခိုက်ခိုင်းပြီး ပြန်ဆုတ် ခွာလျှင် ပစ်သတ်ခြင်း၊ မူးယစ်ဆေးဝါး အသုံးပြုစေခြင်း၊ညှဉ်းပန်းနှိပ်စက်ခြင်းများကို စစ်တပ်က လုပ်ဆောင်နေဟု အလင်းဝင် တပ်သားသစ် ၂ ဦးက ထုတ်ဖော်ပြောဆို ရန်ကုန်၊ ဇူလိုင် ၁၆ အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်းတပ်သားသစ်များကို ရှေ့တန်းတွင် အဓိက တိုက်ခိုက်ခိုင်းပြီး ပြန်ဆုတ်ခွာလျှင် အရာရှိများက ပစ်သတ်ခြင်း၊ စစ်မှုထမ်းတပ်သားများကို မူးယစ်ဆေးဝါး အသုံးပြုစေခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများ လုပ်ဆောင်နေကြောင်း အလင်းဝင် တပ်သားသစ် ၂ ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ၊ အမှတ် ၁ ရပ်ကွက်မှ မောင်အောင်သက်ထွန်းသည် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် စစ်တပ်ထဲသို့ ရောက်ရှိခဲ့ကာ စစ်မှုထမ်း အပတ်စဉ် ၆u002F၂၀၂၄ ကို တက်ရောက်ခဲ့ရကြောင်း၊ တပ်မ ၉၉ လက်အောက်ခံ ခလရ ၇၉ တပ်သို့ ပို့ဆောင်ခံခဲ့ရကာ ရခိုင်စစ်မြေပြင်နှင့် ငဖဲမြို့နယ်၊ ပဒါန်း၊ နတ်ရေကန် စစ်စခန်းသို့ ရောက်ရှိခဲ့ပြီး ယခုဇူလိုင်လအတွင်း AA ထံတွင် အလင်းဝင်ရောက်ခဲ့သည်။ အလားတူ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ကနာရပ်ကွက်မှ မောင်နေလင်းအောင်သည် အလုပ်ပြန်ချိန် ညပိုင်း ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်တပ်ထဲသို့ သွပ်သွင်းခံရကြောင်း၊ ဟိုပုံး စစ်သင်တန်းကျောင်းတွင် စစ်မှုထမ်း အပတ်စဉ် ၇ u002F ၂၀၂၄ တက်ရောက်ခဲ့ပြီး တပ်မ ၉၉ လက်အောက်ခံ ခလရ ၇၉ သို့ ရောက်ရှိခဲ့ကြောင်း၊ ယင်းနောက် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန် စစ်စခန်းတွင် တာဝန်ကျစဉ် AA ထံသို့ ထွက်ပြေး အလင်းဝင်ရောက်ခဲ့သည်။ ၎င်းတို့ ၂ ဦး၏ ထွက်ဆိုချက်အရ စစ်တပ်တွင် ပြည်သူ့စစ်မှုထမ်းတပ်သားသစ်များကို စစ်ကောင်စီတပ်၏ အရာရှိများက ရိုက်နှက်သတ်ဖြတ်ခြင်း၊ ရှေ့တန်းတွင် အသေခံခိုင်းခြင်းများ၊ မူးယစ်ဆေးဝါး အသုံးပြုစေခြင်းနှင့် အနိုင်ကျင့်ခြင်းများ ကျူးလွန်နေကြောင်း သိရှိရသည်။